Black Friday အကြောင်း

 


- Black Fridayဆိုတာ ဘာလဲ
Black Fridayဆိုတာ ဘယ်နေ့ဘယ်ရက်ရယ်လို့ တိတိကျကျ မရှိပါဘူး အမေရိကန်နိုင်ငံမှာ Thanksgiving dayပြီး နောက်တစ်နေ့ကို ခေါ်တာပါ
Thanksgiving Dayကတော့ Novemberလရဲ့ စတုတ္ထမြောက် ကြာသပတေးနေ့ကို သတ်မှတ်ပါတယ်
Black Fridayကို အမေရိကန်နိုင်ငံမှာ ၁‌၉၅၂ခုနှစ် ကတည်းက စတင်ခဲ့ပါတယ်
သိပ်မကြာသေးခင် ဆယ်စုနှစ်ကျော်လောက်ကမှ ကမ္ဘာနှင့်အဝန်းမှာ Black Fridayဆိုတာကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်


- Black Fridayမှာ ဘာတွေလုပ်လဲ
စတိုးဆိုင်ကြီးတွေမှာ ကုန်ပစ္စည်းတွေဆို‌ ဈေးတွေ အင်မတန်လျှော့ပြီးရောင်းကြတယ်
တချို့စတိုးဆိုင်တွေဆို ညသန်းခေါင်ကတည်းက စဖွင့်ပြီး‌ ရောင်းပေးတယ်
လူတွေက တိုးဝှေ့ပြီး အလုအယက်ဝယ်ကြတယ်
ဖလော်ရီဒါနဲ့ပြည်နယ်အချို့မှာဆို အစိုးရဝန်ထမ်းတွေ ဈေးဝယ်လို့ရအောင် ရုံးပိတ်ရက်အဖြစ် ကြေညာပေးထားတယ်
Internetမှာလဲ Cyber Black Fridayဆိုတဲ့ အသုံးအနှုန်းနဲ့ onlineက Gameတွေ၊ Softwareတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးတယ်
ပစ္စည်းတွေလုယက် တိုးဝှေ့ ဝယ်ကြရင်းနဲ့ ရန်ဖြစ်၊ရိုက်နှက်၊နောက်ဆုံး လူသေတဲ့အထိဖြစ်တတ်ကြပါတယ်
.
.
တနည်းဆိုရရင်
ရောင်းချတဲ့ စတိုးဆိုင်ကြီးတွေရဲ့ profit(အမြတ်)မယူပဲနဲ့ အရှုံးခံပြီး ရောင်းချပေးတဲ့နေ့ဖြစ်ပါတယ်
.
.
ယခုအချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ည၈နာရီကျော်ပြီဖြစ်သော်လည်း အမေရိကန်နိုင်ငံတွင် မနက် ၉နာရီခန့်သာ ရှိသေးသောကြောင့်
လုယက်တိုးဝှေ့ ဝယ်ယူနေကြသော အနောက်နိုင်ငံသားများအား မြင်ယောင်ရင်းးးးး


Comments