"တောသား"

"တောသား" ဆိုတဲ့ အခေါ်အဝေါ်လေးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီးမှ လူမှုကွန်ရက်ပေါ်မှာ အသုံးများလာခဲ့တယ် 
"တောသား" လို့ သုံးနှုန်းခေါ်ဝေါ်တာကို ခံရတဲ့သူတွေကလည်း အသည်းခိုက်မတက် နာကျင်ကြတာကိုတွေ့ရပါတယ်
ထို့အတူ "တောသား" များကို နှိမ်နင်းဖို့အတွက်လဲ သခင်ကြီး သခင်လေးများလဲ ပေါ်ပေါက်လာပါတယ်
အဲ့ဒီ "တောသား" ဆိုတဲ့ အခေါ်အဝေါ်ဟာ ဘယ်လောက်ရှုပ်ထွေးနက်နဲတယ်ဆိုတာကို ရှင်းပြပါမယ်
-"တောသား" ရဲ့ အဓိပ္ပါယ်
-"တောသား" ရဲ့ သွင်ပြင်၊စရိုက်လက္ခဏာ
-မိမိကိုယ်‌တိုင်ရော "တောသား"ဖြစ်နေပြီလား?
အဲ့ဒါလေးတွေကို ပြောပြပေးသွားမှာပါ
၁။ "တောသား" ရဲ့ အဓိပ္ပါယ်
-"တောသား"ဆိုတာ နယ်မှာမွေးမွေး၊ရွာမှာမွေးမွေး၊ရန်ကုန်မှာပဲမွေးမွေး၊အမေရိကမှာပဲမွေးမွေး လူ့ဘောင် လူ့စည်ကမ်းတွေနဲ့ ကိုက်ညီမှုမရှိ လူ့ကျင့်ဝတ်နားမလည် လူအခွင့်အရေးကိုမသိ လူရယ်လို့ပြောလောက်တဲ့ အသိဉာဏ်မဖွံ့ဖြိုးတဲ့ လူ့အောက်တန်းစား လူ့ငနွားတွေကိုခေါ်တာပါ
-ရန်ကုန်ကလွဲပြီး တခြားမြို့တွေကို နယ် လို့သုံးနှုန်းကြပါတယ် 
အဲ့တော့ တောသား‌တွေကိုဆဲရင် နယ်မှာမွေးတဲ့သူ၊ရွာမှာမွေးတဲ့သူတွေက သူတို့ကိုပြောတယ်ထင်ပြီး နာတတ်ကြပါတယ်
အမှန်က နယ်မှာ၊ရွာမှာမွေးတဲ့သူတွေက "နယ်သား၊ရွာသား"တွေပါ အဲ့တော့ မနာကြပါနဲ့
၂။"တောသား" ရဲ့ သွင်ပြင်၊စရိုက်လက္ခဏာ
-ဆံပင်ဆိုးထားမယ်၊‌နားထင်မှာအရစ်ဖော်ထားမယ်၊ဆံပင်ကို ကြက်တောင်စည်းစည်းထားမယ်၊သပ်သပ်ရပ်ရပ်ဘယ်တော့မှ မဖီးဘူး၊ဦးထုပ်ဆောင်းရင် ခေး၊ကွီး၊အေးဆေးပဲ၊ဂျင်းကောင် စတဲ့စာသားတွေပါတာ ဆောင်းတယ်
-မျက်နှာကို သနပ်ခါးလိမ်းမယ်(တင်မောင်သန်းလိုမျိုး)၊ကွမ်းစားမယ်
-ဘယ်ဂေါ်လီ၊ညာ-ာခေါင်းဆိုတဲ့ တလွဲစာတွေရွတ်ပြီး ညာဘက်နားကိုဖောက်ထားမယ်၊နားထဲမှာ i-12ဘာညာဆိုတဲ့ တရုတ်ကတင်သွင်းပြီး Yduckတို့လို online shopကဂျင်းထည့်တဲ့ Redmi Airdotနဲ့တောင် ဈေးသိပ်မကွာတဲ့ bluetoothနားကြပ်တပ်မယ်
-လည်ပင်းမှာ အောင်ရဲလင်းကို အားကျပြီး ကြယ်ပုံတက်တူးထိုးမယ်၊စာသားတချို့ထိုးထားမယ်
-အင်္ကျီကတော့ 424၊Supreme အဲ့တံဆိပ်တွေနဲ့ ဆင်တူယိုးမှား အတုတွေဝတ်မယ်၊ ဂျင်းကောင်စာသားနဲ့တီရှပ်ဝတ်မယ်၊ အခါကြီးရက်ကြီးဆိုရင် စတစ်လက်ရှည်ဝတ်မယ် 
-လက်ဝါးဇောင်း၊လက်ဖျံတွေမှာ ကိုယ်တိုင် မဖတ်တတ်တဲ့၊မကြည့်တတ်တဲ့ စာတွေပုံတွေကို တက်တူးထိုးမယ်၊လက်သည်းအနက်ဆိုးမယ်၊925လိုလို ဘာလိုလို လက်စွပ်ဝတ်မယ်
-လက်မှာ Redmi,Vivo,Oppoအဲ့ထဲက MLဆော့ကောင်းတယ်လို့ ကြားဖူးတဲ့ ဖုန်းတစ်ခုခုကို ကိုင်ထားမယ် ပိုပြီးတောသားကျရင် Tecnoဖုန်းကိုင်မယ်
-ဘောင်းဘီဝတ်ရင် အရှည်ပဲဝတ်တယ်၊အပြဲကိုပဲဝတ်တယ်၊ကုန်းလိုက်ရင် ဘစ်ပေါ်နေမှစတိုင်ကျတယ်ထင်တယ်၊စတစ်လက်ရှည်ဝတ်တဲ့နေ့ဆို ယောပုဆိုးအပြာရောင်ဝတ်မယ် 
-ဖိနပ်က ရှုးဖြစ်ရင်ပြီးရော အကုန်စီးတယ်၊အဖြူရောင်နဲ့အနက်ရောင်ကို ပိုကြိုက်ကြတယ်
-အနွေးထည်ဝတ်ရမယ်ဆို အမည်းရောင်Hoodie ပဲဝတ်တယ် ခုလိုMaskတပ်ရတဲ့ကာလဆို အမည်းရောင်Maskတပ်တယ်
-ရေချိုးရင် Goat Milk or Luxဆပ်ပြာတိုက်တယ် 
သွားတိုက်ရင် Colgateသုံးတယ် ဖိနပ်ဆိုရင် Mixstarစီးတယ် 
ဘစ်ဝတ်ရင် Bochumဝတ်တယ် အရက်ဆို Glan Master 
ဘီယာဆို Adamand Gold 
အချိုရည်ဆို Carabao 
လက်ဖက်ရည်ဆို ချိုဆိမ့်
ကွမ်းဆို 92နှပ်ဆေးဖာလာအုန်းကြော်
အဲ့ထဲကအတိုင်း တသွေမတိမ်းကြိုက်ကြပါတယ်
.
အပေါ်မှာပြောခဲ့တာတွေက "တောသား" ရဲ့ သွင်ပြင်လက္ခဏာပါ အဲ့ဒါတွေကို တချို့သော နယ်ကလာတဲ့ ရိုးသားကြိုးစားတဲ့ နယ်သား၊ရွာသားတွေက လိုက်လုပ်မိတတ်ကြပေမယ့် အချက်အကုန်လုံးတော့ လိုက်မလုပ်ကြပါဘူး 


.
ခုဆက်ပြောမှာကတော့ "တောသား" ရဲ့ စရိုက် လက္ခဏာတွေပါ
-မနက်မိုးလင်းရင် လက်ဖက်ရည်ဆိုင်မှာ ချိုဆိမ့်မှာပြီး MLဆော့ပါမယ် (အရင်ခေတ်"တောသား"တွေဆို သီချင်းကို အကျယ်ကြီးဖုန်းနဲ့ဖွင့်တာ ခုတော့ twsတွေပေါ်လာတော့ အဲ့ဒုက္ခတော့ အေးသွားပြီ)ML စဆော့တာနဲ့ တွေ့သမျှကောင်ကို Tankကိုင်ခိုင်းပါမယ် ပြီးရင် ပွဲစတာနဲ့ စဆဲပါတယ် ရှုံးရင် ကျန်တဲ့ကောင်တွေ အသုံးမကျလို့ဆိုပြီး အကုန်လုံးကိုဆဲပါတယ် နိုင်ရင်လဲ Tankမယူလို့ဆိုပြီး ကျန်တဲ့ကောင်တွေကို ဆဲပါတယ် PUBGပစ်ရင် သူကိုသတ်တဲ့ကောင်ဆို Cheater လို့ထင်ပါတယ်
အဲ့လိုတွေဆော့နေရင်း လက်ဖက်ရည်သောက်ပါတယ် သောက်ရင်းဆေးလိပ်သောက်တယ် ကွမ်းစားတယ် ကွမ်း‌တံတွေးကို စည်းကမ်းမရှိထွေးမယ် ပြီးရင် အလကားရတဲ့ရေနွေးနဲ့ ပလုပ်ကျင်းပြီး ဘေးလူကိုစင်အောင် ထပ်ထွေးပါမယ်
-အဲ့ကနေပြီး အလုပ်လုပ်ရမယ့် လုပ်ငန်းခွင်ကို သွားဖို့ YBSစီးပါမယ် လစ်ရင် ကားခမထည့်ဘူး လူကြပ်ရင် ဖင်လိုက်ကိုင်မယ် နေရာရရင်လုထိုင်မယ် ဖုန်းကဖွင့်ထားတဲ့သီချင်းကို ဘေးလူကြားရအောင် လိုက်ညည်းပါလိမ့်မယ်
-လုပ်ငန်းခွင်ထဲရောက်ပြီဆိုရင် အလုပ်ကိုတော့ ကြိုးစားပြီးလုပ်ပါလိမ့်မယ်("တောသား"များ ခိုင်းလို့တော့ တယ်ကောင်း) အလုပ်လုပ်နေရင်း သူ့လို အခြား"တောသား"တွေနဲ့ အာလူးဖုတ်ပါမယ် "ညက PPK liveအကြောင်း၊ ဖြူဖြူထွေးအကြောင်း၊သခင်ငွေပုအကြောင်း၊သားစစ်အကြောင်း၊တရုတ်ပြည်မှ တစ်ရာဖိုးသုံးပုဒ်များအကြောင်း၊စသဖြင့် အရည်မရ အဖတ်မရများအား ပြောကြပြီးလျှင် နောက်ဆုံးပိတ်အနေဖြင့် မြန်မာနိုင်ငံ၏ မိုဘိုင်းအော်ပရေတာများဖြစ်သော MPT, Ooredoo, Telenor, Mytelတို့မှ မိမိဖုန်းနံပါတ်တစ်ခုတည်းကိုသာ‌ ရွေးပြီး ဘေတွေခိုးနေကြောင်းကို အားရပါးရ ပြောပေလိမ့်မည်
-ညနေအိမ်ပြန်ချိန်တွင်လဲ YBSပေါ်တွင် မနက်ကအတိုင်းပြုမူပေလိမ့်မည်
-ညဘက်ရောက်ပြီဆိုတာနဲ့ "တောသား"များ၏ လုပ်ငန်းစဉ်စလေပြီ
*ဒီပိုစ့်ကိုshareလျှင်ကံကောင်းမည်။
*Liveလေးကို Like and Shareလေးလုပ်ပေးပါ ဖုန်းဘေမဲဖောက်ပေးပါမယ်
*သိန်းတစ်သောင်းပေါက်လို့ ငွေတွေလှုမယ် ဖုန်းနံပါတ်မန့်ခဲ့ပါ
*ညliveက ၉နာရီစမှာနော်
*လင်းတဲ့gpတွေရှိတယ် ဝင်ချင်addခဲ့
*အနီ၊အစိမ်း
*မော်လမြိုင်၊ခင်ဝင့်ဝါ၊ဇေရဲထက်၊စုချည်
*Myanmar Shroud(auto Cheaterဂိမ်းမင်း)၊မာနီကော်(hentai ဂိမ်းမင်း)
အစရှိသဖြင့်သော ပိုစ့်တွေတွင် ကွန်မန့်ပေး၊ဆဲဆိုပြီးသကာလ တနေ့ပတ်လုံးရိုက်ထားသောပုံများအား captionများတပ်၍ FAကောင်ဇိုးလေးကဲ့သို့သော Fb Acc Nameများအသုံးပြုကာ တင်လေတော့သည်။
အဆုံးသတ်အနေဖြင့် ချောချောလှလှ ကိတ်ကိတ် ကောင်မလေးများ၏ ပုံအောက်တွင် "ချစ်လို့ရလား""ကိုင်ချင်စရာကြီး""-ို့ကြီးရင် သိပ်မကြိုက်ဘူး"အစရှိသဖြင့် အောက်တန်းစား ကွန့်မန့်များကို မန့်ကာ အိပ်ခါနီးတွင် ဘုရားကို ပုဆိန်ပေါက်ရှိခိုးကာ အိပ်လေတော့သည်။
.
ပြောခဲ့သမျှသည် "တောသား"တို့၏ စရိုက်လက္ခဏာများသာ ဖြစ်သည်။ထိုအမူအကျင့် ရှိသောသူများသည် တောသားစင်စစ် ဧကန်ဖြစ်ပေသည်။
ထိုပြောခဲ့သမျှတွင် မပါခဲ့သော မေ့ကျန်ခဲ့သော စရိုက်လက္ခဏာများရှိခဲ့ပါလျှင် အောက်က ကွန်မန့်တွင် ဝင်ရေးပေးသွားကြပါ
၃။မိမိကိုယ်‌တိုင်ရော "တောသား"ဖြစ်နေပြီလား?
အထက်ပါ စရိုက်လက္ခဏာများတွင် (၅)ခုမျှတူရုံဖြင့်ပင် အသင်သည် တောသားဖြစ်နေလေပြီ
ထိုကြောင့် ထိုအချက်များကို ပြင်ချင်ပြင်ပါ မပြင်နိုင်ပါလျှင်လဲ "တောသား"ဟု ခေါ်ဝေါ်ပါက မနာပါလေနှင့် 
**"တောသား"များအား "မြို့သား"များ ဖြစ်လာစေရန် လေ့ကျင့်ပေးမည့် သင်တန်းများလည်း မကြာခင် ဖွင့်လှစ်ပေးသွားမှာဖြစ်တဲ့အတွက် Pageကို Like and Followထားကြပါ "တောသား"အပေါင်းတို့ **

Comments