ကလေးသူငယ်များနှင့် Video၊ရုပ်ရှင် Age Rating သတ်မှတ်ချက်များ

 

Video၊ရုပ်ရှင်များ၏Age Ratingအကြောင်း
လွန်ခဲ့‌တဲ့နှစ်တွေတုန်းက
ကျွန်တော်တို့ နိုင်ငံမှာ မိဘတော်တော်များများ အထူးသဖြင့် နယ်တွေမှာဆို ညဘက်တွေမှာ ဗီဒီယိုခွေငှားဆိုင်လေးတွေကနေ ခွေငှားပြီး မိသားစု စုံစုံလင်လင်နဲ့ ကြည့်ရှု အနားယူတတ်ကြပါတယ်
ဒါပေမဲ့ အများစု သတိမထားမိ မသိကြတာက ‌ဗီဒီယိုတွေရဲ့ Age Ratingတွေပါ
ခွေတွေကလဲ ငှားတဲ့ဆိုင်ကငှားတဲ့ ‌ခိုးကူးတွေဖြစ်တာကြတစ်ကြောင်း ယခုလို အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုနိုင်တာက တစ်ကြောင်း Age Ratingတွေကို လွယ်လွယ်နဲ့မသိနိုင်ကြပါဘူး
အဲ့ဒီမှာ ဘာဖြစ်လဲဆိုတော့ မောင်နှမသားချင်း သားအမိချင်း ကြည့်ရှုရန် မသင့်တော်တဲ့ ဇာတ်ဝင်ခန်းတွေ ကလေးသူငယ်များမကြည့်သင့်တဲ့ သတ်ဖြတ်ခန်းတွေ ကြောက်လန့်ဖွယ်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေပါလာတော့တာပါပဲ
ကျွန်တော်တို့ ငယ်ငယ်တုန်းဆို အဖေလုပ်သူက ဗီဒီယိုကြည့်ပြီဆို Remoteကိုင်ပြီး ကြည့်ရတာပဲ ကျော်စရာရစ်စရာတွေများတာကိုးးးး
အခုခေတ်မှာ ဆိုရင်တော့ မိသားစုဝင်တွေ ဖုန်းကိုယ်စီနဲ့ ကိုယ်ကြိုက်တာ ကိုယ်ကြည့်လို့ ရနေကြပါပြီ
မိမိနှစ်သက်တဲ့ ရုပ်ရှင်ကားကို websiteတွေကတစ်ဆင့် downloadဆွဲတာပဲဖြစ်ဖြစ်
Facebookမှာတင်တာတွေကပဲဖြစ်ြဖစ်
streaming service တွေဖြစ်တဲ့ Netflix, Cookies, Iflix,Viu စတာတွေကနေပဲဖြစ်ဖြစ်
အဆင်ပြေသလို ကြည့်လို့ရနေပါပြီ
အရွယ်‌ရောက်ပြီးသောသူများအတွက် ပြဿနာမရှိပေမယ့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအတွက်တော့ အဲ့လိုလွယ်ကူနေတာဟာ အန္တရာယ်တစ်ခုပါ
အဲ့ဒါကြောင့်မလို့ အုပ်ထိန်းသူမိဘတွေအနေနဲ့ မိမိကလေးငယ်တွေ ကြည့်ရှု့မယ် ရုပ်ရှင်ကားကို ကိုယ်တိုင်သိထားရမှာဖြစ်ပါတယ်
အနည်းဆုံး ရုပ်ရှင်ကားရဲ့ Age Rating အကြောင်းကို သိရှိထားဖို့ လိုအပ်ပါတယ်
Age Ratingအကြောင်းကို အများနားလည်လွယ်အောင် ရေးသားပေးလိုက်ပါတယ်ဗျာ


✅U or G
-လူကြီးလူငယ် ကျား/မ မရွေး အရွယ်သုံးပါးစလုံး ကြည့်လို့ရပါတယ်
✅PG or 12A or 12
-ကြည့်ရှုနေတဲ့ အချိန်တစ်လျှောက်လုံး ဘေးမှာ အုပ်ထိန်းသူ မိဘ တစ်ဦးဦး ရှိနေရမှာဖြစ်ပါတယ်
✅PG-13
-အသက်13နှစ်နှင့် အထက်ပဲ ကြည့်ရှုသင့်ပါတယ်
✅15
-အသက်15နှစ်နှင့် အထက်ပဲ ကြည့်ရှုသင့်ပါတယ်
✅R
-အသက်15နှစ်နှင့်အသက်17နှစ်ကြား မိဘအုပ်ထိန်းသူ တစ်ဦးဦးနဲ့ ကြည့်သင့်ပါတယ် တစ်ယောက်တည်းကြည့်လဲ ရတော့ရပါတယ်လေ


✅NC-17 or 18
-အသက် 18နှစ်မပြည့်မချင်း မကြည့်ရပါဘူး
🛑R18
-သိုင်းကားတွေမှာပဲ ပါတဲ့ Ratingပါ အမှောင်သိုင်းကားနော် တရုတ်သိုင်းကားမဟုတ်ဘူး
အပေါ်မှာပြောခဲ့တဲ့ Age Ratingတွေကို internetမှာ အလွယ်တကူရှာလို့ရပါတယ်
🛑မိမိကလေးကြည့်မယ့် ရုပ်ရှင်ရဲ့အမည်ကို Googleမှာ ရိုက်ပြီး Age Ratingကို မဖြစ်မနေရှာပေးကြပါလို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ🛑
Photo-Crd
Video Age Ratings

Comments

Popular Posts